တနင်္ဂနွေမြန်မာစာနှင့်ယဉ်ကျေးမှုသင်တန်း
၂၀၂၅ သင်ရိုးညွှန်းတမ်းနှင့် ဆရာ ဆရာမများ
- ၅ နာရီ အတန်းများ ( တနင်္ဂနွေ ညနေ ၅:၀၀ – ၆:၃၀ )
- ၃ နာရီ အတန်းများ ( တနင်္ဂနွေ ညနေ ၃:၀၀ – ၅:၃၀ )
၅:၀၀ မှ ၅:၃၀ အချိန်သည် ဘုရားဝတ်တက်ရန်၊ ယဉ်ကျေးလိမ္မာ တရားစကားများကို နာကြားရန် ကျောင်းသူ ကျောင်းသားတိုင်း မပျက်မကွက် တက်ရောက်ရမည့် အချိန်ဖြစ်ပါသည်။
၅ နာရီ အတန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၃ ရက်၊ တနင်္ဂနွေနေ့တွင် စပါမည်။
၅ နာရီ အတန်းများ
၅ နာရီ အတန်းများသည် မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့ကို စိတ်ပါဝင်စားစွာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လေ့လာသင်ယူနေသော အတန်းများ ဖြစ်ပါသည်။ BBT မြန်မာစာအတန်းများ၏ ပင်မ ရေသောက်မြစ်အတန်းများ ဟုဆိုနိုင်ပါသည်။
၅ နာရီ အတန်းများကို သင်ကြားပေးမည့် သင်ခန်းစာများအရ အောက်ပါအတိုင်း ခွဲခြားထားပါသည်။
အတန်း | သင်ခန်းစာ | ဆရာ၊ ဆရာမများ |
Class 1 (Room 1) | ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) မြန်မာဖတ်စာ ဗျည်း၊ သရ၊ ကဗျာ။ |
|
Class 2 (Room 2) | ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) ပထမတန်း မြန်မာဖတ်စာ။ |
|
Class 3 (Room 3) | ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) ဒုတိယတန်း မြန်မာဖတ်စာ။ |
|
Class 4 (Room 4) | တတိယတန်း၊ စတုတ္ထတန်း၊ O-Level Preparation | |
Class 5 (Room 7 & 8) | O-Level |
၃ နာရီ အတန်းများ
၃ နာရီ အတန်းများသည် မိဘများနှင့် ဆရာ/ဆရာမများ ပူးပေါင်းပြီး အတန်းစည်းကမ်းများ သတ်မှတ် ပြဌာန်းကာ မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့ကို အင်တိုက်အားတိုက် သင်ယူနေကြသော အတန်းများ ဖြစ်ပါသည်။ မိဘများ၏ ပါဝင်ကူညီနိုင်မှု ၊ လုပ်အားပေးဆရာ/ဆရာမများ ကူညီနိုင်မှုပေါ်မူတည်၍ အတန်းများကို ဖွဲ့စည်းထားပါသည်။
၅ နာရီ အတန်းများကဲ့သို့ အမြဲပုံမှန် ရှိနေသော အတန်းများ မဟုတ်ပါ။
၃ နာရီ အတန်းများတွင် တက်ရောက် လိုပါက အကြမ်းဖျင်းအားဖြင့် အောက်ပါ အချက်အလက်များ နှင့် ပြည့်စုံဖို့လိုပါသည်။
-
- တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ရမည်။
- တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းမှန်မှန်တက်နိုင်ရမည်။ အချိန်မှန်မှန်လာနိုင်ရမည်။
- တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းက ပေးသော အိမ်စာကို မှန်မှန် လိုက်လုပ်နိုင်ရမည်။
- တက်ရောက်လိုသော ကျောင်းသူ/သား၏ မိဘများသည် မိမိ ကလေး၏ သင်ယူရေး လိုအပ်ချက်များ ကို ဖြည့်စွမ်းပေးနိုင်ရမည်။ (ဝိုင်းကူ သင်ပေးနိုင်ရမည်။)
- အတန်းစာမေးပွဲများကို ဝင်ရောက်ဖြေဆိုရမည်။
၃ နာရီ အတန်းများကို သင်ကြားပေးမည့် သင်ခန်းစာများနှင့် သင်ယူမည့်သူ အသက်အရွယ်အရ အောက်ပါအတိုင်း ခွဲခြားထားပါသည်။
အတန်း | သင်ခန်းစာ | ဆရာ၊ ဆရာမများ |
Class 1C (Room 1) မှတ်ချက် – K2 နှင့် အထက် ကလေးများ အတွက် သင့်လျော်ပါသည်။ |
ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) ကိုအခြေခံသော သင်ခန်းစာများ။ | |
Class 2C (Room 2) မှတ်ချက် – P1 နှင့် အထက် ကလေးများ အတွက် သင့်လျော်ပါသည်။ |
ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) ကိုအခြေခံသော သင်ခန်းစာများ။ | |
Class 3C (Room 3) မှတ်ချက် – P2 နှင့် အထက် ကလေးများ အတွက် သင့်လျော်ပါသည်။ ပထမတန်း မြန်မာဖတ်စာ နှင့် ဒုတိယတန်း မြန်မာဖတ်စာ သင်ကြားတတ်မြောက်ပြီးသော ကလေးများ ဖြစ်ရပါမည်။ |
မြန်မာဘာသာစကား မြန်မာ့ယဉ်ကျေးမှု လိမ္မာရေးခြား ဘက်စုံ တိုးတက်ဖွံ့ဖြိုးရန် ဦးတည်သော သင်ခန်းစာများ။ | |
Class 4C (Room 4) မှတ်ချက် – မြန်မာဘာသာစကားကို မိခင်ဘာသာစကား (Mother Tongue) အဖြစ် ယူထားသည့် ကျောင်းသားများနှင့် သင့်လျော်ပါသည်။ ပထမတန်း မြန်မာဖတ်စာ နှင့် ဒုတိယတန်း မြန်မာဖတ်စာ သင်ကြားတတ်မြောက်ပြီးသော ကလေးများ ဖြစ်ရပါမည်။ |
မြန်မာဘာသာစကား ကြွယ်ဝဖွံ့ဖြိုးရန် ဦးတည်သော သင်ခန်းစာများ။ | |
Class 5C (Room 8) မှတ်ချက် – အများစုသည် အလယ်တန်း (Secondary Level) ကျောင်းသားများ ဖြစ်ကြပါသည်။ ၂၀၂၅ ခုနှစ်တွင် O-Level 3249 ဖြေဆိုမည့် ကျောင်းသားများနှင့် သင့်လျော်ပါသည်။ |
GCE O-Level Burmese 3249 ဖြေဆိုနိုင်ရန် ဦးတည်သော သင်ခန်းစာများ။ |
စုံစမ်းမေးမြန်းရန်
ဘုန်းဘုန်း ဦးသိရီဓမ္မ – 9899 5864
ဦးအာကာ – 9749 7788
ဦးနေလင်း – 9272 8358